ကျွန်တော်တို့ Pancasikha (ပဉ္စသီခ)သည် မြန်မာသံစဥ်သီချင်းများကို ပြည်တွင်း၊ ပြည်ပရှိနားဆင်သူများထံသို့ အလွယ်ကူဆုံးနည်းလမ်းများဖြင့် ရယူနိုင်စေရန်ပြုလုပ်နေသော အသင်းအဖွဲ့တစ်ခု ဖြစ်ပါသည်။


Myanmar Music API Service

NetSong (နတ်စောင်း) မြန်မာသီချင်းအချက်အလက်ဝန်ဆောင်မှုမှာ မြန်မာတေးသီချင်းများ၏ အချက်အလက်များကို ပြီးပြည့်စုံစွာ တနေရာထဲတွင် သိမ်းဆည်းထားမည် ဖြစ်ပါသည်။ ယခုအချိန်တွင် ပြင်ပသုံးစွဲခွင့်မရှိသေးပဲ Pancasikha (ပဉ္စသီခ) ၏အခြားသော ဝန်ဆောင်မှုများကိုသာ အထောက်အကူပြုရန် လွင့်တင်ထားခြင်းဖြစ်ပါသည်။


Myanmar Music Streaming

Beluva (ဗေဠုဝ) ဝန်ဆောင်မှုဖြင့် မိမိတို့လက်ကိုင်ဖုန်းများမှတဆင့်၊ မိမိနှစ်သက်ရာအချိန်၌၊ ကြိုက်နှစ်သက်သောနေရာတွင်၊ မည်သည့်မြန်မာသီချင်းများကိုမဆို လစဥ်ကြေးအနည်းငယ်ဖြင့် နားဆင်နိုင်မည်ဖြစ်သည်။ ယခုအချိန်တွင် ပထမဆုံးစမ်းသပ်အဆင့် (Early Access) ကို Android ဖုန်းများတွင် စတင်အသုံးပြုနိုင်ကြပြီ ဖြစ်ပါသည်။