Beluva is an app that will help you listen Myanmar music anywhere, anytime!

သဘောတူညီမှုဆိုင်ရာအချက်အလက်များ

ပဉ္စသိင်္ခမှတင်ဆက်သော ဗေဠုဝ ဝန်ဆောင်မှုကို ရွေးချယ်သည့်အတွက် ကျေးဇူးအထူးတင်ရှိပါသည်။ ဝန်ဆောင်မှု၊ အသုံးချဆော့ဖ်ဝဲ နှင့် ဝဘ်ဆိုဒ်ကို သုံးစွဲခြင်း (စုပေါင်း၍ ဝန်ဆောင်မှု ဟုခေါ်ဆို) ဖြင့် အသုံးပြုသူသည် ပဉ္စသိင်္ခ နှင့် သဘောတူညီမှုရှိပြီးဖြစ်သည်။ သဘောတူညီမှုတွင် အောက်ပါ သဘောတူညီမှုဆိုင်ရာအချက်များနှင့် နောင်တွင်ထပ်တိုးသည့်သဘောတူညီမှုများ ပါဝင်သည်။ အကယ်၍သဘောတူညီခြင်းမရှိပါက ဝန်ဆောင်မှုကိုရယူခြင်း မပြုသင့်ပါ။

ဤဝန်ဆောင်မှုကို အသုံးပြုသူများထံသို့ ပေးအပ်နိုင်မှုအတွက် ကျွနု်ပ်တို့အနေဖြင့် ဝမ်းသာမိပါသည်။

ဝန်ဆောင်မှုကိုအသုံးပြုရန်အတွက် သင်သည်

ပဉ္စသိင်္ခသို့ပေးပို့သော သင်၏အချက်အလက်များသည်လည်း မှန်ကန်ပြည့်စုံမှုရှိကြောင်း နှင့် အချိန်တိုင်း ထိုသို့ရှိစေရန်အတွက် အာမခံရမည်။

လိုင်စင်နှင့် တာဝန်ပေးအပ်မှု

ဗေဠုဝဝန်ဆောင်မှုနှင့် ၎င်းဝန်ဆောင်မှုမှပေးအပ်သော အချက်အလက်အကြောင်းအရာများသည် ပဉ္စသိင်္ခ နှင့် ပဉ္စသိင်္ခမှ လိုင်စင်ရယူထားသော လုပ်ပိုင်ခွင့်ရရှိသူများ၏ ပိုင်ဆိုင်မှုြဖစ်သည်။ အသုံးပြုသူများကို အကန့်အသတ်ဖြင့်၊ ပြန်လည်ဖျက်သိမ်းနိုင်သော လုပ်ပိုင်ခွင့်ပေးအပ်ထားသည်။ ဤလုပ်ပိုင်ခွင့်ဖြင့် တစ်ဉီးတစ်ယောက်တည်း၊ စီးပွားရေးအတွက်မဟုတ်ဘဲ မီဒီယာများကို နားဆင်ခွင့်ပြုထားသည်။

ဗေဠုဝ ဆော့ဖ်ဝဲကို ရောင်းချရန်အတွက်မဟုတ်ဘဲ အသုံးပြုသူကို အသုံးပြုခွင့်ပေးထားသည်။ ပဉ္စသိင်္ခအနေဖြင့် အားလုံးသော ဆော့ဖ်ဝဲ မိတ္တူများအားလုံးကို ပိုင်ဆိုင်သည်။

ပဉ္စသိင်္ခ နှင့် ဗေဠုဝ ကုန်အမှတ်တံဆိပ်နှင့် ဝန်ဆောင်မှုအမှတ်တံဆိပ်များ၊ အမည်များ၊ လိုဂိုများ နှင့် domain အမည်များနှင့် ဆက်စပ်သောအမှတ်တံဆိပ်များသည် ပဉ္စသိင်္ခ၏ တစ်ဦးတည်းမူပိုင်သာလျှင်ဖြစ်သည်။ အသုံးပြုသူများအနေဖြင့် အထက်ပါအချက်အလက်များကို စီးပွားရေးအတွက်သော်လည်းကောင်း၊ အခြားသောအကြောင်းအရာများအတွက်သော်လည်းကောင်း အသုံးပြုခွင့်မပြုပါ။

အသုံးပြုသူလိုက်နာရမည့်အချက်များကိုလည်း လိုက်နာမည်ဖြစ်ကြောင်း သဘောတူပါသည်။

ဗေဠုဝ ဝန်ဆောင်မှုတွင် အသုံးချထားသော အခြားသောသူများပိုင်ဆိုင်သည့် အစိတ်အပိုင်းများသည် ၎င်းတို့သတ်မှတ်ထားသော အသုံးပြုခွင့်နှင့် ယခုသဘောတူညီမှုတွင်ပါဝင်သော အချက်အလက်များအတိုင်း အကျုံးဝင်မည်ဖြစ်သည်။

အသုံးပြုသူ လိုက်နာရမည့်အချက်များ

အသုံးပြုသူများအားလုံး လွယ်ကူအဆင်ပြေစွာအသုံးပြုနိုင်ရန်အတွက် ဝန်ဆောင်မှုကိုအသုံးပြုစဉ်အတွင်း အောက်ပါအချက်အလက်များကို လိုက်နာစေလိုပါသည်။ အခြားသူများကိုလည်း လိုက်နာရန် တိုက်တွန်းစေလိုပါသည်။

ပဉ္စသိင်္ခသည် ဉာဏမူပိုင်ခွင့်ကို အလေးထားလိုက်နာပါသည်။ အသုံးပြုသူများကိုလည်း အလားတူလိုက်နာမည်ဟုမျှော်လင့်ပါသည်။

ထို့ကြောင့်လည်း အောက်ပါအချက်အလက်များကို ဥပမာအားဖြင့် ခွင့်မပြုပါ။

ဗေဠုဝ ဝန်ဆောင်မှုနှင့် အသုံးပြုသူများအချင်းချင်း လေးစားမှုရှိစေချင်ပါသည်။ ဝန်ဆောင်မှုအသုံးပြုစဉ်အတွင်း (သို့) အသုံးပြုသူအကောင့် မှတ်ပုံတင်ခြင်း တို့တွင် အောက်ပါအချက်များ မပါဝင်စေရန် ဂရုပြုပါ

ဝန်ဆောင်မှုတွင် သင်ဖော်ပြလိုသည့်အချက်အလက်များကို သေချာစွာစီစစ်ပြီးမှ တင်စေလိုပါသည်။ ဗေဠုဝ တွင် လူမှုကွန်ရက်နှင့်ပတ်သက်သည့်လုပ်ဆောင်ချက်များပါဝင်သည် (ဥပမာ ဝေမျှခြင်း၊ ကြိုက်နှစ်သက်မှုများကို သတ်မှတ်ခြင်း နှင့် အသုံးပြုသူအကောင့်တွင် ပြသထားသည့်အချက်များ)။ အဆိုပါအချက်အလက်များကို အသုံးပြုခြင်း နှင့် ပြန်လည်ဝေမျှခြင်းများကို ဗေဠုဝနှင့် အင်တာနက် ဝဘ်ဆိုဒ်များတွင်အသုံးပြုနိုင်သည်ဖြစ်ရာ အသုံးပြုရာတွင် သတိပြုစေလိုပါသည်။ ပဉ္စသိင်္ခအနေဖြင့် အသုံးပြုသူများ၏ ဆုံးြဖတ်ချက်အပေါ်တွင် တာဝန်ယူခြင်းမရှိပါ။

သင်၏ စကားဝှက်သည် သင့်အသုံးပြုသူအကောင့်ကို ကာကွယ်ပေးပါသည်။ စကားဝှက်၏လုံခြုံမှုသည် သင့်အပေါ်တွင်သာမူတည်ပါသည်။ အသုံးပြုသူအနေဖြင့် ၎င်းအချက်ကို အပြည့်အဝနားလည်ရပါမည်။ အသုံးပြုသူအမည်နှင့် စကားဝှက် ပျောက်ဆုံးခြင်း (သို့) ခိုးယူခံရခြင်း (သို့) အခွင့်မပြုဘဲ အခြားသူတစ်ဦးတစ်ယောက်က အသုံးပြုခြင်းများ တွေ့ရှိပါက ပဉ္စသိင်္ခသို့ အကြောင်းကြား၍ စကားဝှက်ကိုလည်း အလျင်မြန်ဆုံး ပြောင်းလဲစေလိုပါသည်။

နည်းပညာဆိုင်ရာ ကန့်သတ်ချက်များနှင့် ပြုပြင်မှုများ

ပဉ္စသိင်္ခသည် ဗေဠုဝ ဝန်ဆောင်မှုကို အချိန်မရွေးအသုံးပြုနိုင်ရန် ဆောင်ရွက်နေပါသည်။ သို့သော် နည်းပညာဆိုင်ရာကန့်သတ်ချက်များနှင့် ထိန်းသိမ်းပြုပြင်မှုများအတွက် အချိန်အားလျော်စွာ ပြတ်တောက်မှုများရှိနိုင်ပါသည်။

ဗေဠုဝ ဝန်ဆောင်မှုတစ်ခုလုံးကို သော်လည်းကောင်း၊ တစ်စိတ်တစ်ပိုင်းသော လုပ်ဆောင်မှုများကို သော်လည်းကောင်း ခေတ္တ/လုံးဝ ရပ်တန့်ခြင်း (သို့) ပြုပြင်ခြင်း များကို မည်သည့်အချိန်တွင်မဆို အခါအားလျော်စွာ ဆောင်ရွက်ခွင့်ကို ပဉ္စသိင်္ခအနေဖြင့် ရယူထားမည်ဖြစ်ပါသည်။ ထိုသို့ဆောင်ရွက်မှုများအတွက် ကြိုတင်အကြောင်းကြားခြင်း ရှိလျှင်သော်လည်းကောင်း၊ မရှိလျှင်သော်လည်းကောင်း ထိုပြတ်တောက်မှုအတွက် အသုံးပြုသူများကို အစားထိုးနစ်နာကြေးသို့ အစားထိုးဝန်ဆောင်မှုများ ပေးအပ်ခြင်းမရှိဘဲ ရပ်တန့်မည်ဖြစ်ပါသည်။

ပဉ္စသိင်္ခအနေဖြင့် ဝန်ဆောင်မှု (သို့) လုပ်ဆောင်မှု (သို့) အကြောင်းအရာများကို ထိန်းသိမ်းရန်၊ အထောက်အပံ့ပေးရန်၊ မြင့်တင်ရန်၊ အသစ်ပြုလုပ်ရန် တာဝန်ရှိသည်ဟု အသုံးပြုသူမှ ယူဆခြင်းမရှိစေရပါ။

အသုံးပြုသူအနေဖြင့် အထက်ပါအချက်အလက်များကို နားလည်၍ လက်ခံသဘောတူညီ ပါသည်။

အခကြေးငွေ နှင့် ဝန်ဆောင်မှုရယူခြင်းရပ်တန့်ခြင်း

ဝန်ဆောင်မှုရယူရက်ပြီးဆုံးလျှင် အလိုအလျှောက်သက်တမ်းတိုးမည်ဖြစ်သည်။ ဝန်ဆောင်မှုကို ရပ်ဆိုင်းလိုလျှင် ဝန်ဆောင်မှုရယူသည့်စာမျက်နှာတွင် သက်တမ်းမကုန်မီရပ်ဆိုင်းနိုင်ပါသည်။ လက်ရှိဝန်ဆောင်မှု အကျုံးဝင်သည့်ရက်ပြီးလျှင် ဆက်လက်သက်တမ်းတိုးတော့မည်မဟုတ်ပါ။ ကျန်ရှိနေသေးသော ရက်အတွက် အခကြေးငွေပြန်လည် ပေးအပ်မည်မဟုတ်ပါ။

ပဉ္စသိင်္ခအနေဖြင့် ဝန်ဆောင်မှုအခကြေးငွေကို အသုံးပြုသူများကိုအကြောင်းကြား၍ အချိန်မရွေးပြုပြင်မည်ြဖစ်သည်။ ပြောင်းလဲမှုများသည် နောက်တစ်ကြိမ်သက်တမ်းတိုးမည့်အချိန်တွင် အကျိုးသက်ရောက်မည်ဖြစ်သည်။ အခကြေးငွေပြောင်းလဲမှုပြီးနောက် ဆက်လက်သုံးစွဲပါက ၎င်းပြောင်းလဲမှုကို အသုံးပြုသူမှလက်ခံသည်ဟုယူဆသည်။

သဘောတူညီမှုအချက်များ နှင့် ရပ်စဲခြင်း

ဤသဘောတူညီမှုအချက်များသည် ပဉ္စသိင်္ခ (သို့) အသုံးပြုသူ ဖက်မှမရပ်စဲသေးသရွေ့ အကျုံးဝင်သည်။ သဘောတူညီမှုများကို ရပ်ခြင်း (သို့) ဗေဠုဝ ဝန်ဆောင်မှု အသုံးပြုခွင့်ရပ်ဆိုင်းခြင်းကို အချိန်မရွေး (ဝန်ဆောင်မှုကို အခွင့်မရှိဘဲသုံးခြင်း သို့ အသုံးပြုမှု သဘောတူညီချက်များကို ဖောက်ဖျက်ခြင်း (သို့) ဖောက်ဖျက်သည်ဟု သံသယရှိခြင်း) ပဉ္စသိင်္ခ အနေဖြင့် ပြုလုပ်မည်ဖြစ်သည်။

မည်သည့်ရပ်ဆိုင်းမှုများတွင်မဆို ပဉ္စသိင်္ခအနေဖြင့် အသုံးပြုသူများကို နစ်နာမှုအတွက်တစ်စုံတစ်ရာပေးချေရန် တာဝန်ရှိသည်ဟု မယူဆစေရ။ ပေးချေပြီးသောအခကြေးငွေများကိုလည်း ပြန်လည်ပေးအပ်မည်မဟုတ်ပါ။

ဝန်ဆောင်မှုရပ်ဆိုင်းရန်အတွက် ပဉ္စသိင်္ခကို ဆက်သွယ်ပါ။

နောက်ဆုံးပြုပြင်ခဲ့သည့်ရက် 17th Novermber, 2017

We you, music lovers!